blog temporary stop

Posted by Mg ANT on Tuesday 30 December 2008


ဘလော့ရေးခြင်း ခေတ္တ ရပ်နားထားပါသည်။  ကျေးဇူးတင်ပါသည်။

Superhero Movies

Posted by Mg ANT on Thursday 4 December 2008

iron-man-ss3.jpg


ပြီးခဲ့တဲ့ ၁၀ စုနှစ်ပိုင်းမှာ စူပါဟီးရိုးရုပ်ရှင်တွေ တန်းစီပြီးထွက်လာတယ်။ ၂၀၀၂ ခုနှစ်မှာ စပိုက်ဒါမင်း ရုပ်ရှင်နဲ့ အောင်မြင်မှုရ ခဲ့တော့ ဟောလိဝုဒ်တို့ထုံးစံအတိုင်း စူပါဟီးရိုးဇာတ်ကားတွေဆက်တိုက်ထုတ်လုပ်ကြတယ်။ ၂၀၀၅ ခုနှစ်မှာ ခရစ်တိုဖာ နိုလန်က အရင်ရှေ့က ဘက်မင်းကားတွေနဲ့မတူတဲ့ Batman Begins ရိုက်ကူးခဲ့ပြီး အခု 2008 မှာ The Dark Knight ဆိုပြီး Sequel ထွက်လာခဲ့ပါတယ်။ 2006 မှာလည်း ဘရိုင်ယန် ဆင်းဂါးက Superman Returns ရိုက်ကူးခဲ့သေးတယ်။ ဒီနှစ် ဆက်ထွက်လာတဲ့ နောက်ထပ် နှစ်ကားက The Incredible Hulk နဲ့ Iron Man ပါ။ The Incredible Hulk ကတော့ ၂၀၀၃ နှစ်က အန်းလီ ရိုက်ခဲ့တဲ့ Hulk ရဲ့ အဆက်လို့ ဆိုနိုင်ပါတယ်။ Iron Man ကတော့ ရှေ့မှာ prequel မရှိခဲ့ပါဘူး။ 

dark_knight_wallpaper_3_1280.jpg

ထွက်သမျှ စူပါဟီးရိုးဇာတ်ကားတွေ အကုန်အောင်မြင်ခဲ့တယ်။ ၀င်ငွေတွေ အများကြီးရတယ်။ IMDB မှာလည်း rating ကောင်း ကောင်းပေးထားတာကိုတွေ့ရတယ်။ နောက် ဇာတ်လမ်းတွဲတွေဆက်ရိုက်တယ်ဆိုတာလည်း ပထမဇာတ်ကား အောင်မြင်သွား လို့ပေါ့။ မနှစ်ကထွက်ခဲ့တဲ့ Spiderman 3 ကတော့ ဒါရိုက်တာတွေ လောဘ ကြီး သွားလို့ ဇာတ်လမ်းက အီလည်လည်နဲ့ ပြွတ်သိပ်နေခဲ့တယ်။

 

ကျနော် အနေနဲ့ပြောရရင် အစက စူပါဟီးရိုးဇာတ်ကားတွေ အရမ်းနှစ်ခြိုက်လေ့မရှိပေမယ့် ကြည့်ပြီးရင် နှစ်သက်လက်ခံ သွား တာများတယ်။ စပိုက်ဒါမင်းက စလို့ပဲ။ Hulk ကိုတော့ သိပ်မကြိုက်ခဲ့ဘူး။ ဒါကြောင့် Incredible Hulk ကိုလည်း သိပ်မျှော် လင့် မထားဘူး။ သူနဲ့စာရင် Iron Man ကိုပိုပြီး ကြိုက်မိတယ်။ ဒါတောင် Iron Man comic တွေအရ Iron Man ကို လက်ခံမိမယ်လို့ ထင်မထားဘူး။ ဒါပေမယ့် စကြည့်ပြီး မိနစ်ပိုင်းအတွင်း ဇာတ်လမ်းကိုလက်ခံသွားတယ်။ Batman ကိုတော့ အကြိုက် ဆုံးပါပဲ။

edward_norton_in_the_incredible_hulk_wallpaper_7_1280.jpg

 တကယ်တော့ ဒီ စူပါဟီးရိုးတွေ ဘယ်လိုဖြစ်လာသလဲဆိုတာ ပရိသတ်ကိုယုံကြည်လာအောင် ပြနိုင်ဖို့အရေး ကြီး တယ်လို့ ထင်တယ်။ အဲဒီအပိုင်းကို ပရိသတ်လက်ခံအောင်ပြနိုင်ရင် ကျန်တာ ဆက်လို့ရသွားပြီ။ Batman Begins အောင်မြင်ခဲ့တာ လည်း ဒီအကြောင်းကြောင့်ပဲ။ ခရစ်တိုဖာနိုလန်ရဲ့ Batman က အရင် ထွက်ခဲ့ဖူးတဲ့ ဘက်မင်းနဲ့မတူဘဲ ဘက်မင်းကို လူသားတစ်ယောက်အဖြစ် ပီပြင်အောင် ပြနိုင်ခဲ့တယ်။ တကယ် တော့ ဘက်မင်းက စူပါဟီးရိုးမှ မဟုတ်ဘဲ။ သူ့မှာ ဘာမှ ထူးခြားတဲ့ အစွမ်းမရှိဘူး။ ထောင်ကထွက် လာပြီးတဲ့ နောက် ရားအယ်ဂုတို့ဂိုဏ်းကနေ ကိုယ်ခံပညာတတ်လာတယ်တစ်ခုပဲ သူ့မှာအစွမ်းရှိတယ်။ ကျန်တာက သူ့ရဲ့ ဘက်မင်း ၀တ်စုံ၊ သူ့ရဲ့ကား၊ ဂလိုက်ဒါ၊ လက်နက်၊ ဗုံး စတဲ့ ပစည်းတွေကြောင့် သူက မိုးပေါ်ပျံ၊ လူဆိုးတွေကို တိုက်ခိုက်အနိုင်ယူနိုင်တာ။ Iron Man လည်းအလားတူပဲ။ Iron Man Suit သာမရှိရင် တိုနီလည်း သာမန် playboy တစ်ယောက်၊ လက်နက်ပါရဂူတစ်ယောက်ပဲ။ နောက်ပြီး Iron Man ရော၊ Batman ရော အရမ်း ချမ်းသာကြ တယ်။ Hulk နဲ့ Spider Man ကတော့ စူပါဟီးရိုးဖြစ်လာပုံ နည်းနည်းတူတယ်။ နှစ်ယောက်စလုံး ပြင်ပအကြောင်း တစ်ခုခု ကြောင့် သူတို့ခနာကိုယ်တွေပြောင်းလဲပြီး power တွေရလာတာ။ မတူတာက စပိုက်ဒါမင်းက လူတွေကို ကူညီတတ်ပြီး Hulk ကတော့ အမြဲထိန်းမနိုင်သိမ်းမရ ဖြစ်နေတတ်တယ်။

spider-man_3_wallpaper_18_800.jpg

 တချို့ဇာတ်ကားတွေက စူပါဟီးရိုးရုပ်ရှင်တွေ ထုံးစံအတိုင်း စပါယ်ရှယ်အထူးပြုလုပ်ချက်တွေ တ၀ကြီးသုံးထားသလို (Spider Man, Superman Returns, Hulk) တချို့ကားတွေ (Batman, Iron Man) ကတော့ အလွန် အကျွံမသုံးတာတွေ့ရတယ်။  ဇာတ်ကားအားလုံးတူညီလာတဲ့အချက်တစ်ခုကတော့ စူပါဟီးရိုးတွေ အားလုံး humanize ဖြစ်အောင်ပြထားတာပါပဲ။ လူအဖွဲ့ အစည်းနဲ့ကင်းကွာပြီး အရာရာ perfect ဖြစ်နေတဲ့ စူပါသူရဲကောင်းတွေဆိုတာထက် လူထဲက လူသားတစ်ယောက်လို ဖြစ် အောင်၊ ဖြစ်ချင်ကြတာကို ပြကြတယ်။ တခြားကမာက ရောက်လာတဲ့ စူပါမင်းတောင် စာရေးတစ်ယောက် အနေနဲ့သာမာန် လူသား ဘ၀ရှိတယ်။ စပိုက်ဒါမင်း ၃ မှာလည်း ပီတာပတ်ကားတစ်ယောက် ဘ၀င်တွေလွှတ်မြင့်ပြီး မြောက်ကြွကြွ၊ ပေါတော တောဖြစ် သွားတယ်။ ဘရုဘန်နာလည်း သူစိတ်လှုပ်ရှားရင် ဖြစ်သွားတတ်တဲ့ ကြမ်းတမ်းခက်ထန်တဲ့ လူစိမ်းကြီး  Hulk ဘ၀ ကနေ သာမာန်လူတစ် ယောက် အဖြစ်ပြန်ရောက်ချင်တာကို ပြထားတယ်။ Batman တောင်ငယ်ငယ်က သိပ်ကြောက် တတ်တဲ့ လူကြောက်လူပျော့လေး ဘရုစ် ဖြစ်ပါတယ်။ Iron Man တိုနီကတော့ သိပ်အလေးအနက်မထားတတ်၊ အပျော်အပါး မက်တဲ့  စရိုက်ပါ။

supermanreturnswallpaper800.jpg

 စူပါဟီးရိုးရုပ်ရှင်ဇာတ်လမ်းတွဲဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက်ပဲ ၀င်ငွေရရ အကောင်းဆုံးရုပ်ရှင် စာရင်းထဲတော့ ဘယ်တော့မှမပါဘူး။ နောက်တစ်ခါထပ်ကြည့်ရင် ပျင်းစရာဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ ဒီိလိုဇာတ်ကားမျိုးတွေက ဖျော် ဖြေရေးသက် သက်ဖြစ်ပြီး ရုပ်ရှင်ကြည့်သူကို ဘာလေးနက်တဲ့အတွေးအခေါ် (ပါရင်လည်း ဒါမှမဟုတ် ကြံဖန်ယူမယ်ဆိုရင် နည်းနည်းပါးပါး)၊ မှ မပေးလို့ပါ။

 

နောက်မှ Prequel တွေ၊ sequel တွေအကြောင်း ရေးဦးမယ်။

so cold

Posted by Mg ANT on Monday 1 December 2008


ဒီရက်ပိုင်းအတွင်း ရာသီဥတုက သိသိသာသာကို အေးလာတာပဲဗျာ။ အခန်းက နေ့ခင်းမှာ နေရောင်ကောင်းကောင်းမရလို့ထင်တယ်။ အခန်းထဲမှာ ထိသမျှ အကုန်အေးနေတယ်။ စားပွဲ၊ ကွန်ပျူတာကီးဘုတ်၊ တံခါးလက်ကိုင် .. အကုန်ပဲ။ အခုတောင်ဒီလောက်အေးနေရင် နောက် ၂ လ ဘယ်လောက်တောင် အေးမလဲ မသိ။ လယ်ကွင်းပြင်ကြီးထဲက တကသိုလ်မှာတက်ရတုန်းက ရွာထဲက အိမ်တွေမှာ ဆောင်းတွင်းကြီး စောင်လုံလုံလောက်လောက်မပါဘဲ ကွေးရတာ သတိရလိုက်တာ။

Condom ads

Posted by Mg ANT on Saturday 29 November 2008



ကွန်ဒုံးကြော်ငြာလေးတွေဗျ။ ရယ်ရတယ်။

ချာတိတ်လေးတစ်ယောက် အာပြဲကြီးနဲ့ စူပါမားကတ်ထဲမှာသောင်းကျန်းနေတာ၊ တန်းပေါ်က အထုပ်တွေစားစရာတွေဆွဲချ၊ ကြမ်းပြင်ပေါ် လူလိမ့်ငို၊ အဖေလုပ်သူက စိတ်ပျက်လက်ပျက်နဲ့ ဘာလုပ်ရမှန်းမသိဘူး၊ ပြီးမှ   Use Condom တဲ့။

 

ပုံစံတူနောက်တစ်ခုက ဆိုပြီး ခပ်ဆိုးဆိုးချာတိတ်တစ်ကောင် လက်မောင်းမှာ တတ်တူးထိုး၊ ကစားဖို့ မြွေသွားဝယ်၊ ကျောင်းမှာရေခဲမုန့်တွေအကုန်စားပစ်၊ ဆရာမ ကုလားထိုင်ကို chain saw နဲ့ဖြတ်၊ မော်တော်ကား၊ လေယာဉ်ပျံမောင်း၊ ချာတိတ်လေးပြောတဲ့စကားက My Mon said I could တဲ့။ နောက်ဆုံး အခန်းထဲမှာအလုပ်ရှုပ်နေတဲ့အဖေနဲ့အမေ့ကို “မေမေ. သား ပူစီလေး အ၀တ်လျှော်စက်ထဲ ထည့်လိုက်ရမလားဟင် ” တဲ့။  ပြီးမှ Use Condom တဲ့။

 

နောက်တစ်ခုက ပုံစံပြောင်းသွားတယ်။ မိုးရွာထဲ ကောင်လေးနဲ့ကောင်မလေး မျဉ်းကြားမှာ မော်တော်ကားလမ်းဖြတ်ကူးကြတယ်။ မိုးတိတ်တော့ ကောင်မလေးက ထီးပိတ်ပြီး ထီးအိတ်ထဲထည့်ဖို့လုပ်တာ လေတိုက်ပြီး အိတ်လေးက လွင့်သွားရော၊ ကပလီကောင်လေးက ဘောင်းဘီအိတ်ထဲက ကွန်ဒုံးလေးထုတ်၊ ထီးလေးကို စွပ်ပေးလိုက်ပါတယ်ဗျား ။ ဟား ဟား ။

 

ဒီတစ်ခုက ပိုရယ်ရတယ်။ သတို့သားလောင်းက မင်္ဂလာဆောင်မယ့်နေ့ ယောကမအိမ်ကိုရောက်လာ၊ အိမ်မှာ သူ့ဇနီးလောင်းရဲ့ ညီမ (ခယ်မလောင်းပေါ့) က လွဲပြီးဘယ်သူမှမရှိကြဘူး။ သတို့သမီးညီမဖြစ်သူက မြူဆွယ် ရော။ I promise, that will be our little secret ဆိုပြီး making love လုပ်ဖို့ပေါ့။ သတို့သားလောင်း ဘာလုပ်ရမှန်းမသိဘူး။ နောက်တော့ အိမ်ထဲကနေ ကားဆီကိုပြေးရော။ ကားထဲအရောက် သူ့ဇနီးလောင်း၊ ယောကမလောင်း၊  နဲ့ဆွေမျိုးတွေ လက်ခုပ်တီးပြီးထွက်လာကြတော့ သတို့သားလည်းကြောင်သွားတယ်။ ယောကမလောင်းကြီးက You pass the test, I m very proud to call you son. ဆိုပြီးသူ့ပုခုံးကို လာဖက်တယ်။ တကယ်တော့ သကောင့်သားက ကားထဲက ကွန်ဒုံးသွားယူတာ ။ ဟား ဟား။

 

ဒီမှာ စုစည်းထားတာ။

http://uniknotions.com/fullarticle.php?articlenum=87

quiet, un-disturbed

Posted by Mg ANT on Saturday 29 November 2008


 

အေးအေးဆေးဆေး နားအေးပါးအေးနေချင်လိုက်တာဗျာ။ အခုချိန် အခုနေ အလိုချင်ဆုံးကတော့ ဆူညံမှုမရှိ၊ တိတ်ဆိတ် တဲ့ ပတ်ဝန်းကျင်တစ်ခုပါပဲ။ အနှောင့်အယှက်ကင်းကင်း နဲ့ စာကြည့်၊ ရုပ်ရှင်ကြည့်၊ အိပ်စက်ချင် လိုက်တာ။ (တစ်ဘက်ခန်းက ထိုင်းကောင်တွေ နေ့ခင်းအိပ်ပြီး တစ်ညလုံး တီးခတ်၊ သောက်စားပြီး အော်ဟစ် ဆူညံကြတာ သိပ်စိတ်အနှောင့်အယှက်ဖြစ်ရလွန်းလို့ပါဗျာ၊ တစ်ပတ်လုံး ညတိုင်း သူတို့ပဲပျော်ပါးနိုင်လွန်းတယ်။ ဘယ်လိုကောင်တွေမှန်းမသိ၊ ပတ်ဝန်းကျင်ကို အားနာစိတ်လည်းမရှိ။ ပြောလို့လည်းမရ၊ ယဉ်ကျေးမှုမရှိ၊ ရိုင်းစိုင်းတဲ့ကောင်တွေထင်ပါ တယ်ဗျာ)

နားလည်မှုရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခွင့်ရတာဟာလည်း မင်္ဂလာတစ်ပါးပါပဲ။ ဒါကြောင့် “ပတိရူပ၊ ဒေသ၀ါသောစ” လို့ မင်္ဂလသုတ်မှာ ဘုရားဟောခဲ့တာနေမှာ

Che on big screen soon

Posted by Mg ANT on Friday 7 November 2008


ချေဂွေဗားယား … ။  

၂၀ ရာစုရဲ့ ထင်ရှားတဲ့ တော်လှန်ရေးသင်္ကေတတစ်ခု။

ရှေ့တည့်တည့်မှာ ကြယ်လေးနဲ့ ဦးထုပ်ကိုဆောင်းထားတဲ့ နှုတ်ခမ်းမွေး နဲ့ ခပ်မော့မော့ ဘေးတစောင်း သူ့မျက်နှာကိုကျနော်တို့ရင်းနှီးကြပါတယ်။ သူ့မျက်လုံးကစူးရှနေပြီး နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးတွေနဲ့ သူ့မျက်နှာကလည်း တစ်ခါမြင်ဖူးရင် မှတ်မိနေလောက် အောင်ဆွဲဆောင်မှုတစ်ခုရှိတယ်။ အဲဒါကြောင့်ပဲ အကျီ၊ ပိုက်ဆံအိတ်၊ ကော်ဖီခွက်စသည်ဖြင့် consumer product တွေမှာ ချေ ရဲ့ပုံရောက်နေခဲ့တာလည်း ကြာပြီပေါ့။ တကယ်တော့ ကျနော်လည်း  ချေဂွေဗားယားအကြာင်း သိပ်မသိပါ။ အာဂျင်တီးယားနိုင်ငံသား၊ ကျူးဘား၊ ဘိုလီးဗီးယားတို့နဲ့ပတ်သက်တဲ့ တော်လှန်ရေးသမားတစ်ဦး၊ အာဏာရှင်အစိုးရကို ပြုတ်ကျအောင် ဦးဆောင်နိုင်ခဲ့တဲ့ ဆေးထိုးအပ်တစ်ဘက်၊ ရိုင်ဖယ်သေနတ်တစ်ဖက် ကိုင်ထားတဲ့ ရဲရဲတောက်ကွန်မြူနစ်တစ်ဦးလို့ပဲ အကြမ်းသိထားခဲ့ပါတယ်။

 

အခု အဲဒီတော်လှန်ရေးသူရဲကောင်းတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇန်န၀ါရီလမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းကို ဖေဖော်ဝါရီမှာ ထွက်မယ်လို့သိရတယ်။ ဒါရိုက်တာက အကယ်ဒမီရဒါရိုက်တာ Steven Soderbergh ။ ချေ အဖြစ်သရုပ်ဆောင်တဲ့ မင်းသား Benicio Del Toro (Terrific မှာ မူးယစ်ဆေးဝါးနှိမ်နင်းသူ မကဆီကန်ရဲအရာရှိ၊ Sin City မှာ ဂျက်ကီဘွိုင်းအဖြစ်သရုပ်ဆောင်သူ) က၂၀၀၈ ခုနှစ် ကန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့တယ်တဲ့။ စိတ်ဝင်စားစရာ၊ စောင့်မျှော်ကြည့်ရှုရမယ့်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။

 

che

 


Movie official website: http://www.cheelargentino.com/

Trailer: http://www.ropeofsilicon.com/movie/che/trailers

သတင်း http://www.ropeofsilicon.com/article/international-trailer-for-che-arrives_20081104/

ခေတ်ပြိုင်ဝက်ဘ်ဆိုက်မှာဖော်ပြဖူးတဲ့ ချေဂွေဗားယားအကြောင်း ဆောင်းပါးကို ဒီဘလော့ဂ်မှာလည်းဖတ်နိုင်ပါတယ်။

http://dennishtun.multiply.com/journal/item/126/126

 

 

 

V for Vendetta

Posted by Mg ANT on Wednesday 5 November 2008


V for V

 

Remember, remember the 5th of November ဆိုတဲ့ tag line နဲ့ မှတ်မိနေတဲ့ ဇာတ်ကားတစ်ကား။ 2005 ခုနှစ်က နာတလီပေါ့တ်မင်း နဲ့ ဟူးဂိုးဝေးဗင်း ပါတဲ့ V for Vendetta ဆိုတဲ့ကားပါ။ V ဆိုတဲ့ မျက်နှာဖုံးနဲ့လူတစ် ယောက် အာဏာရှင်အစိုးရရဲ့ မတရားမှုတွေဖော်ထုတ်ပြီး တော်လှန်ရေးတစ်ရပ်ဖြစ်ပေါ် အောင် တစ်ကိုယ်တော် လှုပ်ရှားလှုံ့ဆော်ပုံပါ။ V ပြောတဲ့စကားတစ်ခွန်းက The people should not be afraid of the government: the government should be afraid of the people တဲ့။ လွတ်လပ်မှုနဲ့ လုံခြုံမှု ဘယ်ဟာကို ဦးစားပေးမှာလဲ ဆိုတဲ့ြ့ပသနာကိုလည်း တင်ပြထားတယ်။ မူရင်းက အလန်မိုးရဲ့ ရုပ်ပြဇာတ်လမ်း။ action၊ fighting တွေ သိပ်မပါပေမယ့် ကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။ dialogue တွေလည်း တကယ်ကောင်းလွန်းပါတယ်။ တစ်ခါကြည့်လို့နားမလည်လို့ ပြန်ပြန်ကြည့်ဖြစ်တယ်။ ဒီဇာတ်ကားရဲ့ screen play က The Matrix Trilogy ရိုက်တဲ့ ၀ါချောစကီးညီအစ်ကိုပါ။ သူတို့ညီအစ်ကို ရိုက်ကူးတဲ့ ဇာတ်ကားတွေက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ထင်တယ်။ The Matrix ဟာလည်း ကြည့်လိုက်တိုင်း တွေးသလောက် အဓိပာယ်တွေရတဲ့ ဇာတ်ကားဖြစ်ပါတယ်။

Saya Wathone 2

Posted by Mg ANT on Wednesday 29 October 2008


အဲဒီတုန်းက တချို့လတွေမှာ ဆရာဟာ ရှစ်မျက်နှာသရုပ်ဖော်ပုံတွေကိုရေးဆွဲပြီးပြီးချင်း ပုံနှိပ်တိုက်ကိုချက်ခြင်း ပို့ရတယ်တဲ့။ dead-line အမှီပြီးအောင် ဆရာကြိုးစားရပုံကို “သိပ်လည်းပင်ပန်းခဲ့တယ်” လို့ပြောတယ်။ ၁၉၈၁ ခုနှစ်ကစပြီး ၃ နှစ်တိုင်တိုင် လစဉ်ရေးဆွဲဖော်ပြခဲ့တဲ့ လင်္ကာဒီပချစ်သူ ရုပ်ပြဟာ 1984 ခုနှစ်မှာ တစ်ပေါင်းတစ်စည်းတည်း ရုပ်ပြစာအုပ်အဖြစ် ထွက်ရှိခဲ့တယ်။ ၁၉၉၄ ခုနှစ်မှာတစ်ခါ ဒုတိယအကြိမ်ထွက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ တတိယအကြိမ် ထွက်ခဲ့တာပါပဲ။ တတိယအကြိမ်ထုတ်ကတော့ တစ်အုပ် ၂၅၀၀ ကျပ်။ ဒီလိုရုပ်ပြမျိုး အမြတ်အဓိကမထားဘဲ ထုတ်ဝေပေးတဲ့ ဦးနိုင်ကြီးကို ကျေးဇူးတင်ရမယ်။

 

ဆရာချစ်ဦးညိုရဲ့ဝတုထဲကဇာတ်ကောင်တွေဟာ သူ့သရုပ်ဖော်ပုံတွေနဲ့ သိပ်လိုက် ဖက်ညီကြ လို့ အဲဒီတုန်းက ဆရာသော်တာဆွေက ချစ်ဦးညိုနဲ့ ၀သုန်ကို “မင်းတို့ကတော့ တရှဉ်းပဲကွာ ” လို့ ပြောတယ်တဲ့။

 

ဆရာက ကျနော့်မေးခွန်းလေးတွေကို တစ်ခုချင်းစီ စာနဲ့ရေးပြီးပြန်ဖြေထားတယ်။ လင်္ကာဒီပထဲက ဆရာ့ရဲ့ လက်ရေး လေးတွေလေ။ ကျနော် အမှတ်တရကို သိမ်းထားတယ်။ ဆရာက ကျနော့်လို မီဒီယာသမား ပေါက်စမေးတဲ့မေးခွန်းတွေကို တကယ်ကိုလေးလေးစားစားနဲ့ စာရွက်တစ်ရွက်နဲ့ချရေးပြီးဖြေပေးထားတာပါ။ ဆရာ့ကို လေးစားခင်မင်မှုနဲ့အတူ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ကိုကျေးဇူးတင်မိတယ်။ ဆရာ့က သူ့အလုပ်ကိုတကယ်ကို လေးစားတန်ဖိုးထားတဲ့သူပါပဲ။

 

အနုပညာသမားတစ်ယောက်ရဲ့ မာန၊ သူ့ရဲ့အနုပညာအပေါ်တန်ဖိုးထားလေးစားပုံကို ရေးထားတဲ့ ဆရာ့ရဲ့ ၀တုတိုတစ်ပုဒ်ကို မှတ်မိနေတယ်။ ပန်းချီဆရာတစ်ယောက်အကြောင်းပါ။ သူ့ပန်းချီကားက ပုဂံက ဘုရားတစ် ဆူပုံ (ဓမယံကြီးလားမသိဘူး) ၀ယ်တဲ့သူက နိုင်ငံခြားသား။ အဲဒီနိုင်ငံခြားသားက ပန်းချီကားကိုခြေ ထောက်နဲ့ပြပြီး ၀ယ်ဖို့လုပ်တဲ့အတွက် မရောင်း တော့ဘူး ကွာ ဆိုပြီးထွက်လာခဲ့တဲ့ ပန်းချီဆရာတစ်ယောက်အကြောင်းပါ။

 

မနှစ်က ရန်ကုန်ပြန်ရောက်တုန်း လောကနတ်ပြခန်းရောက်ခဲ့တော့ မဂဇင်းသရုပ်ဖော်ပုံတွေချည်း ပြသတဲ့ပွဲ တစ်ခုလုပ်မလိုလိုကြားခဲ့သေးတယ်။ မဂဇင်းနဲ့ စာအုပ်တိုက်ပိုင်ရှင်တွေ စုထားသမျှ မဂဇင်းသရုပ် ဖော်ပန်းချီ တွေပေါ့။ အခုတော့မလုပ်ဖြစ်ဘူးလားမသိဘူး။ လုပ်ဖြစ်ရင်တော့ အဲဒီပန်းချီပုံတွေအမှတ်တရ ဓာတ်ပုံရိုက်ပြီးလိုချင်သား။

 

တိုက်တိုက်ဆိုင်ဆိုင် သမတရုပ်ရှင်ရုံနားက ဖြတ်ခဲ့တော့ ပြနေတာက ဒါရိုက်တာ ထွန်းအောင်ဇော်ရဲ့ “ငါ့သွေး၊ ငါ့ဓား၊ ငါ့ဧရာဝတီ” (ရှေ့နောက်မှားမလားမသိဘူး)။ ရုပ်ရှင်ကားပိုစတာကြီးက ဆရာဝသုန့်လက်ရာ။ မေတာနဲ့ရေးဆွဲပေးထားတဲ့ ပန်းချီကားကြီးပေါ့။ အဲဒါလိုချင်တာနဲ့ ဓာတ်ပုံရိုက်ယူ လာခဲ့တယ်။ (ရိုက်လည်းပြီးရော အနားက လုံခြုံရေးလား ဘာလားမသိဘူး၊ ချက်ခြင်းရောက်လာပြီး ဓာတ်ပုံမရိုက်ရဘူး ဆိုပြီးလာလုပ်လို့ အာရုံနောက်ခဲ့ရသေး)။ ကိုဟန်သစ်ငြိမ်တို့ ဖိုတိုရှေ့အတတ်ပညာနဲ့ ပန်းချီကားလေးပြန့်သွားအောင်လုပ်ပေးနိုင်ရင်ကောင်းမှာပဲ။

Saya Wathone 1

Posted by Mg ANT on Wednesday 29 October 2008


ခါတော်မီ ဆရာဝသုန် ပို့စ်များဖြစ်နေမလားမသိဘူး။ ဘလော့မရေးဖြစ်တာလည်းကြာပြီ။ အခုကတော့ ဆရာနဲ့ ဆုံဖူးတဲ့ အကြောင်း မှတ်မိသမျှ ချရေးလိုက်တာပါ။ ဟိုရောက်ဒီရောက်ဖြစ်နေမလားမသိဘူး။

 

ဆရာဝသုန်နဲ့တစ်ခါဆုံဖူးပါတယ်။ ၂၀၀၄ နိုဝင်ဘာလ လောက်ကထင်တယ်။ ဦးနိုင်ကြီး (ပန်မဂဇင်း၊ ဇီဝကမဂဇင်း) ရဲ့ Treasure Publishing House က ပြန်ထုတ်တဲ့ သူ့ရဲ့ လင်္ကာဒီပချစ်သူ ရုပ်ပြဇာတ်လမ်းအကြောင်း မေးချင် လို့သွားခဲ့တာပါ။ ဗိုလ်ချုပ်ဈေးက ပန်းချီပြပွဲတစ်ခု မှာဆရာ့ကိုတွေ့တော့ ပိန်ပိန်ပါးပါး၊ စတစ်အင်္ကျီအဖြူလေး၊ လွယ်အိတ်လေးလွယ်ထားတယ်။ ကျနော်ရေး ထား တဲ့မေး ခွန်းလေးတွေပြတော့ မေးခွန်းစာရွက်လေးယူလိုက်ပြီး အိမ်လာခဲ့လေ ဆိုပြီး အိမ်လိပ်စာပေး သွားတယ်။ တကယ်ခင်မင်၊လေးစားဖို့ကောင်းတဲ့သူ့ဟန်ပါ။

 

ဆရာ့အိမ်လေးက တကယ့် ပန်းချီအိမ်လေးပါ။ ၂ ထပ်ပျဉ်အိမ်လေးထင်တာပဲ။ အိမ်ရှေ့မှာ ကနုတ်ဆန်ဆန် ရေးထားတဲ့ wathone ဆိုတဲ့သစ်သား ဆိုင်းဘုတ်လေးရှိတယ်။ သစ်ပင်ပန်း ပင်လေးတွေနဲ့။ အရိပ်လည်း ကောင်းတယ်။ အိမ်ရှေ့ခန်းတောင့်လေးက ဆရာ့ရဲ့ အလုပ်ခန်းပါပဲ။ ပန်းချီ ရေးတဲ့ဘုတ်ပြား၊ ဆေးတွေနဲ့ ရေးလက်စ သရုပ်ဖော်ပုံ တွေလည်းတွေ့ရတယ်။ fantasy art ပုံစံမျိုး အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက် နွဲ့နွဲ့လေးရပ်ပြီး ရှေ့ကိုလက်ညိုးထိုးနေတဲ့ပုံ။ ဘေးနံရံမှာလည်း အနက်ရောင်ကွန်ပါ စာလုံးလေးတွေရေးထားတဲ့ စာရွက်လေးတွေ ကလစ်နဲ့ချိတ်ထားတာတွေ့ရတယ်။ ၀သုန်စာလုံးလေးတွေပေါ့။ ကျနော်မှတ်မိသလောက် ဆရာဝသုန်ရဲ့ ကွန်ပါ စာလုံးသုံးမျိုးရှိတယ်ထင်တာပဲ။ မထူမပါးစာလုံးလေးတွေရယ်၊ အထူကြီးရယ် (နငယ်တို့၊ ဒဒွေးတို့ရေးရင် အလယ်က မျဉ်းစောင်းလေး ပျောက်မတတ်ဖြစ်တဲ့ စာလုံးထူထူကြီးတွေလေ)၊ နောက်တစ်ခုက တြိဂံပုံစာလုံးတွေပါ။ ဆရာ့ကို အဲဒီစာလုံး လေးတွေအကြောင်း စကားရောက်သွားတော့ “ဟုတ်တယ်။ တချို့မြန်မာစာလုံးတွေကျတော့ တြိဂံပုံချိုး လို့သိပ် အဆင်မပြေဘူး” တဲ့။ (မဂဇင်းသရုပ်ဖော်ပုံ၊ ကြော်ငြာတွေကတဆင့် မြင်လိုက်ရင်ချက်ခြင်း မှတ်မိနေတဲ့ စာလုံးပုံစံ နှစ်မျိုးက ဆရာဝသုန်ရဲ့ စာလုံးလေးတွေနဲ့ မောင်မောင်လှမြင့်ရဲ့ စာလုံးဒီဇိုင်းလေးတွေပါပဲ။ )

 

ဆရာဝသုန်ရဲ့လက်ရာတွေ ကျနော်ပထမဆုံးရင်းနှီးတာကတော့ မူလတန်းကတည်းကလို့ ဆိုရင်လွန်မလားမသိဘူး။ အဖေ၀ယ်ပေးတဲ့ ဆရာဦးညဏ်လင်းရဲ့ အင်္ဂလိပ်စာအထူးထုတ်တွေမှာ စာအုပ်လေးပိုက်၊ လွယ်အိတ်လေး လွယ်ထားတဲ့ အမျိုးသမီးပုံလေး တွေနဲ့ဝသုန်ဆိုတဲ့ လက်မှတ်လေးကို စပြီးသိခဲ့တာပါ။ ၁၀ တန်းရောက်တော့လည်း ဂုဏ်ထူးအင်္ဂလိပ် ဆိုတဲ့ ဆရာဦး အောင်ခိုင်ရဲ့ ၁၀ တန်း အင်္ဂလိပ်စာအထူးထုတ်စာအုပ်လေးတွေမှာလည်း ဂုဏ်ထူးအင်္ဂလိပ်စာရဲ့ ဒေါင်းတောင်ပုံ လိုဂိုအ၀ိုင်းလေးနဲ့ ဆရာ့လက်ရာလေးတွေမှတ်မှတ်ရရ ဖြစ်ခဲ့ဖူးတယ်။

 

လင်္ကာဒီပရုပ်ပြဇာတ်ညွှန်းခွဲတာနဲ့ပတ်သက်ပြီး ကိုးရီးယားကားတွေဘက်စကားရောက်သွားတော့ “ ကိုရီးယားဇာတ် လမ်းတွဲ တွေရဲ့ ဇာတ်ညွှန်းခွဲကောင်းပုံနဲ့ ဘယ်နေရာမှာ ဇာတ်လမ်းတစ်ပိုင်းရပ်လိုက်ရမယ်ဆိုတာလုပ်ထားတာ သိပ် ကောင်း ကြောင်း ကို သူ့ရဲ့လင်္ကာဒီပရုပ်ပြကိုလစဉ် ဘယ်အပိုင်းထိ တစ်ပိုင်းရေးမယ်ဆိုပြီး ဇာတ်ညွှန်းခွဲခဲ့ရပုံ ကိုပြောပြတယ်။

မဟေသီထဲက အမှတ်ရချက် ရသစာတမ်း

Posted by Mg ANT on Sunday 5 October 2008


မဖတ်ဖြစ်တာကြာပြီဖြစ်တဲ့ မဟေသီ မဂ္ဂဇင်း (ဇွန်၊ ၂၀၀၈) ထဲက စာရေးဆရာ မောင်ရင့်မာ(ကျောင်းကုန်း) ရဲ့ ရသစာတမ်းလေးကို ဖတ်ဖြစ်တယ်။ အသက် ၅၀ အရွယ်မှာ လွန်ကဲစွာအရက်သောက်သုံးမှုကြောင့် လူ့ပြည်ကစောစီးစွာ ထွက်ခွာသွားရသူ သူငယ်ချင်း ပန်းချီဆရာတစ်ဦးအပေါ် နှမျောတသမှု၊ လွမ်းဆွတ်သတိရမိမှုနဲ့အတူ ကရုဏာဒေါသနဲ့ရေးဖွဲ့ထားတဲ့ အမှတ်ရချက်တွေပါ။ ဆောင်းပါးအဆုံး စာပိုဒ်လေး နှစ်ပိုဒ်ကို ပြန်ရေးတင်လိုက်ပါတယ်။

“ဂျက်လန်ဒန်၊ ဟဲမင်းဝေး၊ မာယာကော့စကီး၊ ဂျူးလီးယက်ပင်းချားစ်(ပါစင်) အစရှိသူတို့သည် သူတို့ဘ၀၏အဆုံးသတ်ကို သူတို့ကိုယ်တိုင်ရွေးချယ်သွားခဲ့ကြသည်။ စကားလုံးတွေဖြင့် ခံစားချက်ကို နှိုးဆွပေးရန် ကင်းဗတ်ရွက်ဖျင် နှင့်ကျောက်တုံးတွေကို အသက်သွင်းပေးရန်အတွက် အနုပညာသည်တွင် ခံစားချက်နှင့်  အသက်ရှူခြင်းရှိရမည်။ ထို့ကြောင့်ပဲ သူတို့က အခြားသူများထက် ပိုရ်ျ ကုန်ခမ်းလောင်ကျွမ်းလွယ်ခြင်းဖြစ်သည်ဟု အာရင်ဘတ်ကလည်း ပြောခဲ့ပါသည်။

အချို့သူတို့ကို လောင်ကျွမ်းရ်ျတောက်ပခဲ့သော မီးတောက်မီးလျှံတို့သည် ပြောင်မြောက်သောအနုပညာများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ လောင်ကျွမ်းခံရဖို့ရာသက်သက်တော့ဖြင့် မီးလျှံထဲကြာပွင့်တွေ ခြွေချပစ်ရန်မှာ အလွန်တရာနှမြောစရာကောင်းလှပါသည်။ ”